Friday, April 26, 2024

နိုင်ငံတည်ဆောက်မည့် လူငယ်များပျိုးထောင်

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အတွက် ဦးတည်ချက်()ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်၌ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။

သဘာဝဘေး၊ လူတိုင်းနှင့်ဆိုင်

 



မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် သင်္ကြန်ကာလအပြီးနှင့် မေလဆန်းရက်များတွင် လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် သတိထားကြရမည်ဖြစ်သည်။ ယင်းကာလတွင် နေ့အပူချိန်မြင့်မားလျက်ရှိရာ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် အပူပျံတက်တိမ်များမှတစ်ဆင့် မိုးတိမ်တောင်များဖြစ်လာကြပြီး အဆိုပါမိုးတိမ်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Thursday, April 25, 2024

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာ

 

နေပြည်တော် ဧပြီ ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာကြသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

 


အောင်လံမြို့ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာကားများကို တားဆီးပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရကြောင်း ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့အရှေ့ဘက် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၇ နာရီခန့်က လမ်းသွားလမ်းလာကားတွေကို တားဆီးစစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။